သေဆုံးခြင်းအကြောင်းတရား (၄) မျိုး
(၁) သက်တမ်းကုန်၍သေဆုံးခြင်း (အာယုက္ခယ မရဏ)
(၂) ကံကုန်၍သေဆုံးခြင်း (ကမ္မက္ခယ မရဏ)
(၃) သက်တမ်းလည်းကုန်ကံလည်းကုန်၍သေဆုံးခြင်း(ဥဘယက္ခယ မရဏ)
(၄) ဥပစ္ဆေဒကကံကြောင့် (ပယောဂကြောင့်သေဆုံးရခြင်း)(ဥပစ္ဆေဒက မရဏ) ဟူ၍လေးမျိုးရှိပါသည်။
အမှတ်စဉ် ၁ မှ ၃ ထိမှာ ကာလမရဏ (အချိန်စေ့၍သေခြင်း) ဟုခေါ်ပြီး အမှတ်စဉ် ၄ မှာ အကာလမရဏ(အချိန်မစေ့မီ သေဆုံးခြင်း) ဟုခေါ်ပါသည်။
အကြောင်းတရား လေးပါးကြောင့် သေဆုံးခြင်းမှာ ဆီမီးခွက်မှ မီးငြိမ်းသည့်ဥပမာနှင့်တူသည်။
ဥပမာအားဖြင့် -
၁ ။ လောင်စာဆီကုန်ခမ်း၍မီးငြိမ်းခြင်း
၂။ မီးစာကုန်၍ မီးငြိမ်းခြင်း
၃။ မီးစာလည်းကုန် ဆီလည်းကုန်၍ မီးငြိမ်းခြင်း
၎။ ပြင်ပ ပယောဂ သို့မဟုတ် တစ်စုံတစ်ယောက်ကတမင် မူတ်သတ်၍သော်လည်းကောင်း လေပြင်းတိုက်ခတ်၍သော်လည်းကောင်း မီးငြိမ်းခြင်းတို့ ဖြစ်ပါသည်။
post >> Zune
Casinos Near Harrah's Casino and Resort - MapyRO
ReplyDeleteClosest casino to Harrah's 서울특별 출장샵 Casino and Resort in Harrah's Gulf Coast. 포천 출장샵 Featuring 정읍 출장마사지 an outdoor pool and free WiFi, 양산 출장마사지 Harrah's Gulf Coast 구미 출장마사지 Casino